• Posted On

    မနက်စာ ဘူဖေး | Yangon Breakfast Buffet

    .

    Sika Lounge and Restaurant မှာ မနက်စာ အဝစား ဘူဖေး အကြောင်း Facebook မှာတွေ့လို့ သွားစားဖြစ်တယ်။မနက်ခင်း ၈နာရီမှ နေ့လယ် ၁ နာရီအထိ ဘူဖေးစားနိုင်ပါတယ်။  နေ့လယ်စာ အလွတ်ပါ စားနိုင်တာပေါ့။တခါစားလျှင် အချိန်၂ နာရီ ခွင့်ပြုထားတဲ့အတွက် ၁၆ လွှာပေါ်က…

  • Posted On

    မြန်မာပြည်မှာ နေရတာ အဆင်ပြေရဲ့လား။

    .

    တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံမှာရောက်နေတဲ့ သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်။သာကြောင်း/မာကြောင်းပြောရင်း – “မင်း မြန်မာပြည်မှာ နေရတာ အဆင်ပြေရဲ့လား” ။ အဆင်ပြေရဲ့လား လို့တိုက်ရိုက်မဖြေနိုင်ဘူးကွာ။ဒါပေမယ့် ငါပျော်နေတယ်၊ ငါပျော်အောင်နေတယ်။ ငါ မြန်မာပြည်မှာနေရတာ ပျော်ပါတယ်။ တခြားနိုင်ငံတွေကိုလည်း အသက် (၅၀) မှာ မသွားချင်တော့ဘူး။အသက် (၅၀) မှာ ဘဝကို…

  • Posted On

    ကိုညီညီ.. စက်ဘီးတွန်းလာသည်။

    .

    ကိုညီညီ.. စက်ဘီးတွန်းလာသည်။ “ကိုညီ..ခင်ဗျားဗျာ…ကိုယ်လည်းစီးတာမဟုတ်ပဲ…ဒီစက်ဘီးကြီးတွန်းတွန်းလာတာ ပင်ပန်းပါတယ်ဗျာ.အခု ခင်ဗျားက စက်ဘီးကိုစီးတာမဟုတ်ပဲ..ခင်ဗျားကိုစက်ဘီးက စီးနေသလိုဖြစ်နေပြီ.ရှကီထုတာပဲ..လူချည်း ထွက်သောက်ပါလား”သူ့ မျက်လုံးတွေက ရှိရင်းစွဲထက် ရီဝေသွားတယ်။ ပြီးတော့…တံတွေးကိုပျစ်ခနဲထွေးတယ်။ လှောင်ပြုံးပြုံးတယ်။ “ငါ့ဘေးမှာ..သူပဲရှိတာလေကွာ..မင်းကလဲ..ငါနဲ့သူ..ဘယ်သူက ဘယ်သူကို စီးစီးပေါ့ဟ” သူ့စကားကြောင့် ကျွန်တော်နည်းနည်းကြောင်သွားတယ်။ “ငါ့မိန်းမလည်း မရှိတာကြာပြီ။ ငါ့သမီးလေးလည်း ငါ့နားမရှိဘူးလေ။ ဒီစက်ဘီးပဲ ငါနဲ့ကျန်ခဲ့တာလေကွာ..သူက ငါ့အဖော်လေကွာ…သူ့ကို…

  • Posted On

    သင်ကြားပေးခြင်းရဲ့ အနှစ်သာရ

    .

    အဘိုးအိုတယောက်နဲ့ လူငယ်တယောက် လမ်းမှာ ဆုံကြတော့ လူငယ်က အဘိုးအိုကို မေးတယ်။ “ကျွန်တော့်ကိုမှတ်မိလား ဆရာ?” အဘိုးအိုက ခေါင်းခါတယ်။ “ကျွန်တော် ဆရာ့တပည့်ပါဆရာ” “ဟေ။ဟုတ်လားကွ “ဟုတ်ပါတယ်ဆရာ” “အခုငါ့တပည့် ဘာအလုပ်လုပ်နေလဲ” “အခု ကျောင်းဆရာ တဦးအနေနဲ့အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆရာ” လူငယ်က ဂုဏ်ယူစွာဖြေတယ်။ အဘိုးအိုက ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့…

  • Posted On

    လူ

    .

    ဆရာကြီးအောင်သင်းက ဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ – “မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ” သူတို့လဲဘယ်ညံ့မလဲ “ဒါတော့ဆရာရယ် လူကသာတာပေါ့” တဲ့ “နေရာတကာသာသလား”? ဆိုတော့ သူတို့ငိုင်သွားကြတယ်။ “ကောင်းပြီ လူကသာတယ်ဆိုရင် မင်းတို့ ဆင်နဲ့ ဘယ်ကောင်လွန်ဆွဲရဲသလဲ၊ ငါးနဲ့ ဘယ်ကောင်ရေကူးပြိုင်မလဲ၊ မြင်းတို့သမင်တို့နဲ့ ဘယ်ကောင်အပြေးပြိုင်ဝံ့လဲ” ဆိုတော့ ငြိမ်နေကြတယ်တဲ့။ “အေး လူမှာ တိရစ္ဆာန်ထက်သာတဲ့အချက်…

  • Posted On

    တူတူ၊တန်တန်

    .

    ရုပ်ရှင်တွေထဲမှာ “မင်းနဲ့ ငါ့သမီး နဲ့ တူလို့ လား၊တန်လို့လား” လို့ မေးခဲ့ရင် ကြည့်နေတဲ့သူတွေက နှာခေါင်းရှုံကြတယ်။ မင်းသားက “ပုခုံးနှစ်ဖက်အကြား ခေါင်းပေါက်တာချင်းအတူတူ မတူစရာ၊ မတန်စရာ ရှိလို့လား” လို့ ပြန်ပြောလိုက်ရင် ကြည့်နေတဲ့ ပရိသတ်တွေက သဘောကျတယ်။ ထောက်ခံကြတယ်။ တကယ်ရော အပြင်လတ်တွေ့ ဘဝမှာ…

  • Posted On

    ပြည်သူ့စစ်မှုထမ်းဥပဒေ

    .

    အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု 10 February 2024 တွင် ကြေညာလိုက်သည်။ ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း…

  • Posted On

    ကမ္ဘာကြီးကို ဘယ်သူတွေ ဦးဆောင်နေမှာလဲ-

    .

    2024 မှာ ကမ္ဘာကြီးကို ဘယ်သူတွေ ဦးဆောင်နေမှာလဲ- ချမ်းသာတဲ့သူတွေကပဲ ဦးဆောင်နေတာပါပဲ။ ဒီတော့ ဘယ်နိုင်ငံတွေက စီးပွားရေး ဘယ်လောက်ကောင်းနေသလဲ။ ကိုးကား။ ။ Wikipedia US နဲ့ China ကတော့ ထိပ်ဆုံးကနေ ဦးဆောင်နေဆဲပါပဲ။ထူးထူးခြားခြား တွေ့မိတာ India သည် UK ကိုကျော်တက်သွားပြီး…