ပိုက်ဆံနည်းနည်းလွှဲပေးဘို့ အဖေနဲ့ ဘဏ်မှာ တစ်နာရီလောက်နေခဲ့ရတယ်။
ကိုယ့်ကိုကိုယ် သည်းမခံနိုင်ဘဲ မေးလိုက်တယ်…
”အဖေ အင်တာနက်ဘဏ်စနစ်ကို ဘာလို့မဖွင့်တာလဲ။”
”ဘာလို့ဒီလိုလုပ်ရမှာလဲ”ဟု သူက မေးသည်…
”ဒါဆို ငွေလွှဲတာလိုမျိုး ကိစ္စတွေအတွက် ဒီမှာ တနာရီလောက် ဖြုန်းနေစရာ မလိုပါဘူး။
အွန်လိုင်းမှာ ဈေးဝယ်တာတောင် လုပ်လို့ရတယ်။ အရာအားလုံးက လွယ်လိမ့်မယ်!”
”ဒီလိုလုပ်ရင် ငါအိမ်ကထွက်ရမှာမဟုတ်ဘူး” လို့ဖြေတယ်။
”ဟုတ်တယ်လေ လိုချင်တာတွေလည်း အိမ်ပေါက်ဝထိ ပေးမှာလေ ဘယ်လောက်အဆင်ပြေလဲ…” ပြောလိုက်တော့
အဖေကပြုံးပြီး
”ဒီဘဏ်ထဲကို ဒီနေ့ဝင်ကတည်းက သူငယ်ချင်း လေးယောက်နဲ့ တွေ့ပြီးပြီ။ အခုမှ ကောင်းကောင်းသိတဲ့ဝန်ထမ်းတွေနဲ့လည်း ခဏလောက် စကားစမြည်ပြောဖြစ်တယ်..”
“ငါတယောက်တည်းနေတယ်ဆိုတာ မင်းသိပါတယ်။ ငါလိုအပ်တာအစုအဖွဲ့ပဲ။ ဘဏ်ကို လာရတာကို ကြိုက်တယ်။”
” တခါတုန်းက မင်းအမေ မနက်ခင်းလမ်းလျှောက်ရင်း လဲကျသွားတဲ့အခါ..ရပ်ကွက်ထဲက ကုန်စုံဆိုင်က သူ့ကိုမြင်ပြီး ငါနေတဲ့နေရာကို သူသိတဲ့အတွက် သူ့ကားနဲ့ ချက်ချင်းပဲ အိမ်ပြန်လိုက်ပို့တယ်။”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါနေမကောင်းဖြစ်တော့ သစ်သီးဝယ်တဲ့ ဆိုင်ပိုင်ရှင်က ငါ့ဆီရောက်လာပြီး ကုတင်ဘေးမှာထိုင်ငိုတယ်။”
“အရာအားလုံးအွန်လိုင်းကပဲဆို လူတွေနဲ့ အထိအတွေ့ရနိုင်ပါ့မလား။”
“လိုချင်တာ သက်သက်ရယုံမဟုတ်ဘဲ ငါနဲ့ဆက်ဆံနေတဲ့သူတွေကို ငါသိချင်တယ်။ ရင်းနှီးချင်တယ်။”
“နည်းပညာဟာ ဘဝမဟုတ်ဘူးငါ့သား။”
” စက်တွေနဲ့ပဲအချိန်မဖြုန်းပါနဲ့…လူတွေနဲ့လည်း အချိန်ဖြုန်းပါ ” တဲ့။
Credit မူရင်းရေးသားမျှဝေသူ။
Leave a Reply