ရန်ကုန်မြို့ အတွက်၂၀၂၅ အစမှာမှာ တနေ့ ( ၄ နာရီ / ၂ကြိမ်ခွဲပြီး) ၈ နာရီ အများဆုံးလျှပ်စစ်မီးရနေပါတယ်။
၂၀၂၅ အစဆိုတာ ဆောင်းတွင်းဖြစ်နေတဲ့အတွက် သိပ်မပူတော့ နည်းနည်းအဆင်ပြေသေးတယ် (အိပ်လို့ရသေးတယ်) / ညဖက်ကြီး ( ည ၁ နာရီမှာ) ထမင်း/ဟင်း ချက်ရတာတွေရှိတယ် – ပြီးပြန်အိပ်။🌞
၂၀၂၅ မတ်လ၊ ဧပြီလ ရောက်လာပြီဆိုရင် နွေလယ်ခေါင်မှာ အပူဒဏ်ကို လျှပ်စစ်မီး မရှိဘဲ ဘယ်လိုဖြတ်ကျော်ကြမလဲ။ နွေ ဆိုရင် လျှပ်စစ်မီး ပိုပျက်လေ့ရှိတယ် ဆိုတဲ့ အိပ်မက်ဆိုးကလည်း ရှိနေသေးတယ်။ နွေဆို ည ၈ နာရီ ဆိုတာနဲ့ တိုက်ခန်း၊ အုတ်နံရံတွေက တနေ့ခင်းလုံး ုပ်ယူထားတဲ့အပူတွေကို ပြန်လွှတ်တာ တညလုံးပဲ။
ဒီနွေရဲ့ ညဖက်ကိကို Air Con မပါဘဲ ဖြတ်ကျော်ဖို့ဆိုတာ တွေးကြည့်ရင် ချွေးပြန်စေပါတယ်။

ရန်ကုန်မြို့ကို ကြည့်မယ်ဆိုရင် တိုက်ခန်း၊ ကွန်ဒို၊ လုံချင်း အိမ်အုပ်စုဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။
လုံးချင်းအိမ်တွေအတွက်ကတော့ ခေါင်မိုးမှာ Solar တပ်ဆင်ပြီး နွေရဲ့ အပူဒဏ်၊ နေစဥ်လိုအပ်တဲ့ လျှပ်စစ်သုံးစွဲမူကို ကျော်လွှားနိုင်ပါတယ်။ (ပိုက်ဆံတော့ သိန်းတရာ အထက်ကုန်ပါလိမ့်မယ်)။
ကွန်ဒိုနေသူများကတော့ ကွန်ဒိုမီးစက်ကိုသုံးမလား (မီးစက်ရဲ့ စရိတ်က အတော်ကြီးပါတယ်/ တလကို ၃ သိန်းအထက်)။
ဒီတော့ ကွန်ဒိုနေသူများနဲ့ တိုက်ခန်းနေသူတွေမှာ Inverter + Battery ကိုပဲ တပ်ဆင်ဖို့ ရှိတော့တယ်။
ဟိုးအရင် ၁၉၉၀ ဝန်းကျင်တုန်းကလဲ ဒီလိုပဲ လျှပ်စစ်မီးအတော် ပျက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က လင်းရာမ Inverter လေးနဲ့ အဲဒီကာလကို ဖြတ်ကျော်ခဲ့ပေမယ့် ၂၀၂၅ မှာတော့ လင်းရာမ Inverter နဲ့ မလုံလောက်တော့ပါဘူး။ 😇
အခုအချိန် Inverter တပ်မည့်သူအားလုံးက “Air Con သူံးလို့ရမယ့် Inverter ပေးပါ” တသံတည်းပါပဲ။
Air Con သုံးမယ်၊ အိမ်မီးထွန်းမယ်၊ ထမင်းဟင်းချက်မယ်၊ကလေးတွေ စာသင်မယ် ဆိုရင်ပဲ အနည်းဆုံး 3KVA လောက် တပ်သင့်နေပါပြီ။
(၂၀၂၄ မှာ 3KVA အသုံးများပြီး၊ ၂၀၂၅ မှာတော့ 6KVA အသုံးများပါတယ်။)
Battery ကတော့ LiFePO4 ခေတ်။
ဝယ်ရတာ အခက်ဆုံးကလည်း Battery ပါပဲ (ကိုယ်တိုင်ဆင်ထားတဲ့ Battery / တံဆိပ်အမျိုးမျိုးနဲ့ ဝင်နေတဲ့ Battery – New Cell/ Old Cell စုံနေတာပဲ )။
👉 Warranty ကလည်း အမျိူးမျိုး ။ 5 years ဆိုလို့ Battery ကို ၅ နှစ် စိတ်ချစွာ သုံးရမလားမှတ်တယ် (Battery က 3 years. Service က 2 years)။အပျက်များတဲ့ Battery ကို ၃ နှစ်ပေးတယ်။
ပြီးတော့ Warranty ကို ဘယ်သူတာဝန်ယူမှာလဲ မေးကြည့်တော့ – ဟိုဆိုင် ကပေးမှာ။ ဟိုဆိုင် ကိုမေးတော့ သွင်းတဲ့သူက ပေးမှာ။ သွင်းတဲ့သူ ဘယ်မှာလဲ မေးကြည့်တော့ – သိ သလိုလို/မသိ သလိုလို။🙁
ဆိုင်တွေက မကြားတကြား သတိပေးတယ်- နွေဆို စျေးပိုတက်မှာ။
Warranty နောက် ၅ နှစ်ဆိုတာ အတော်ဝေးသေးတာမေ့ထားလိုက်၊ ဒီနွေက နောက် ၂ လဆို ရောက်တော့မှာ- ဝယ်သာဝယ်ထား၊ နောက်ဆို —။
🪙Inverter 3KVA က သိန်း ၁၀ ဝန်းကျင်
🪙Inverter 6KVA က သိန်း ၂၀ ဝန်းကျင်
🪙Battery က 100 Ah ဆို သိန်း ၄၀ ဝန်းကျင်၊ 300 Ah ဆို သိန်း ၈၀ ဝန်းကျင်၊
စျေးနှုန်းနဲ့ ကုန်ကျစရိတ်ကတော့ သိန်း ၅၀ လောက်မှ မသုံးနိုင်ဘူးဆိုရင် သင်နွေခေါင်ခေါင်မှာ ယပ်တဖြတ်ဖြတ်၊ တောက်တခေါက်ခေါက်နဲ့ ဖြတ်ကျော်ရဖို့ များပါတယ်။
ဒီတနွေ 🌞
