လွင့်ပျောက်သွားသော ပိုက်ဆံများ

၂၀၂၄ ‌မှာ  မြို့ ပြကလူတွေ လျှပ်စစ်မီးပျက်ခြင်းကို အတော်လန့်သွားကြသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ Power Station/ Inverter / Solar အပြေးအလွှားဝယ်ကြတာ အရောင်းဆိုင်တွေ လက်မလည်အောင် ရောင်းခဲ့ရတယ်။ 

ရန်ကုန်မှာ ဆိုလာ (Solar)အတွက် နေရာမရှိလို့  Inverter နဲ့ Battery ကိုတပ်ကြတယ်၊၊

သူက မိအေး နှစ်ခါနာ၊၊

  • Inverter နဲ့ Battery တပ်ဖို့ သိန်း ၃၀ – သိန်း ၅၀ ဝန်းကျင် ကုန်တယ်။
  • Battery အားသွင်းဖို့ EPC ကိုလည်း အသုံးပြုရတယ်၊ Battery အားသွင်းတိုင်း EPC မီတာတက်တယ်။
    EPC အတွက်လည်း ဓာတ်အားပိုကုန်သလို၊ ပြည်သူတွေလည်း ပိုက်ဆံ ၂ ဆကုန်တယ်။

ကဲကွာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တပ်တာ ဘာဖြစ်လဲ၊၊

ဘာဖြစ်သွားလဲ တွက်ကြည့်ရအောင်..

3KVA နှင့်အထက် Inverter နဲ့ Battery အတွဲလိုက် ပျမ်းမျှ ကျပ်သိန်း ၅၀ (ကျပ် ၅,၀၀၀,၀၀၀) ရှိတယ်။

၂၀၂၄ တနှစ်လုံးမှာ တပ်ထားတဲ့ Inverter အရေအတွက် ဘယ်လောက်ရှိမလဲ – 3KVA နှင့်အထက် Inverter  ၅‌၀,၀၀၀ (ငါးသောင်း) တပ်ထားတယ်ဆိုပါစို့။ 

၅၀,၀၀၀ x ကျပ် ၅,၀၀၀,၀၀၀ = ကျပ် ၂၅၀,၀၀၀,၀၀၀,၀၀၀ (ကျပ် ၂၅၀ ဘီလီယံ)

ရန်ုကုန်မှာရှိတဲ့ သူ့အိပ်ကပ်၊ ကိုယ့်အိတ်ကပ် ထဲကနေ ကျပ် ၂၅၀ ဘီလီယံ ခုန်ထွက်သွားပြီ။

Inverter နဲ့ Battery က ပြည်တွင်းမှာ မထုတ်နိုင်၊ နိုင်ငံခြားက တင်သွင်းရတာဆိုတော့ နိုင်ငံခြားငွေ ဘယ်လောက်ဖြစ်မလဲ . အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၅ မီလီယံကျော် ခုန်ထွက်သွားပြီ။

လျှပ်စစ်ဓာတ်အား ဝန်အားလည်း မလျော့ ၊ ပြည်သူတွေပေးရတဲ့ မီတာခလည်း မသက်သာ၊ နောက်ထပ် ပိုကုန်သွားတာ ကျပ် ၂၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅ မီလီယံ)

ဒီပိုက်ဆံတွေ ဘယ်ရောက်သွားလဲ။ 

လျှပ်စစ်မီး .. 

သူမလာတာတဲ့နဲ့

လွင့်ပျောက်သွားတာ ကျပ်သိန်းပေါင်း ၂၅ သိန်း (ကျပ် ၂၅၀ ဘီလီယံ)
ဒါ တိုက်ခန်းတွေမှာ တပ်ထားတဲ့ Inverter နဲ့ Battery ဖိုးပဲရှိသေးတယ်။

ကွန်ဒိုတွေ၊ စက်ရုံတွေ ရဲ့ မီးစက်တွေကနေ မီးခိုးဖြစ်သွားတဲ့ ဒီဇယ်ဖိုး ထပ်တွက်လိုက်ရင် – 

လွင့်ပျောက်သွားသော‌ ချွေးနှဲစာပိုက်ဆံတွေ ဘယ်လောက်များလိုက်မလဲ။

wpadmin Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ