အမေရိကန်နိုင်ငံဆိုတာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလက်ခံထားပြီး လူတိုင်း တန်းတူအခွင့်ရနိုင်တယ်။ အရည်အချင်းသာလျှင်အဓိက အသားအရောင်/ဘာသာ/လူမျိုး/ကျားမ ခွဲခြားမူ မရှိဘူး ဆိုပြီး ထင်ရှားပါတယ်။
ခွဲခြားမူမရှိတဲ့ တန်းတူ အခွင့်အရေးကြောင့် American Dream ဆိုတာပေါ်လာပြီး လူငယ်တွေအတွက် မျှော်လင့်တခုဖြစ်လာခဲ့တယ်။
DEI ပေါ်ပေါက်လာခြင်း
Civil Rights Act of 1964 — ဥပဒေတစ်ရပ်အနေဖြင့်ထုတ်ပြန်ပြီး လူမျိုး၊ ဘာသာ၊ ကျား/မ စတဲ့အခြေအနေအရ ခွဲခြားဆက်ဆံမှုကို တားမြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာ DEI (Diversity, Equity, and Inclusion) အစီအစဉ်တွေ ကော်ပိုရိတ်တွေ၊ အစိုးရဌာနတွေမှာ ဖွံ့ဖြိုးလာပါတယ်။
- ၁၉၉၀ ပြည့်နှစ်များ — Diversity and Inclusion ဆိုတဲ့ အသုံးအနှုန်းတွေဟာ ကော်ပိုရိတ်တွေမှာ အသုံးများလာတယ်။
- ၂၀၀၀ ပြည့်နှစ်များ — Equity ဆိုတာ ပါဝင်လာပြီး “DEI” လို့ တဖြည်းဖြည်း လူသိများလာတယ်။
- Barack Obama Administration (၂၀၀၈-၂၀၁၆) — အစိုးရအဖွဲ့အစည်းတွေနဲ့ အလုပ်ဌာနတွေမှာ DEI မူဝါဒတွေ ပြဋ္ဌာန်းလာတယ်။
DEI သက်ရောက်မူ
ဖန်တီးမှု (Innovation) တိုးတက်လာခြင်း – မတူညီတဲ့ နောက်ခံ၊ အတွေ့အကြုံရှိတဲ့လူတွေ စုပေါင်းအလုပ်လုပ်တဲ့အခါ အယူအဆအသစ်တွေ ပေါ်ပေါက်လာတယ်။ထိုနောက် Innovation ဖန်တီးမှုတွေဖြစ်လာတယ်။
အလုပ်အကိုင်အခွင့်အရေး ပေါများလာခြင်း – Fortune 500 ကုမ္ပဏီတွေက မတူညီတဲ့ လူမျိုး၊ ကျား/မ များစွာကို ပိုမို ခန့်ထားလာတာတွေ့ရတယ်။
မတူညီမှုတွေကို နားလည်လာခြင်း – ကျောင်းများတွင် DEI ဆိုင်ရာ သင်တန်းများ ထည့်သွင်းလာခြင်းကြောင့် လူမျိုးရေး၊ ဘာသာရေး အသီးသီး၏ မတူညီမှုတွေကို နားလည်မှု တိုးလာတယ်။ အချင်းချင်း လေးစားမူကို ဖြစ်စေတယ်။
George Floyd ဖြစ်စဉ်အပြီး DEI ဆိုင်ရာ သတင်းနှင့် လှုပ်ရှားမှုတွေက လူမှုအသိုင်းအဝိုင်းကို လှုပ်ခတ်စေတယ်။
George Floyd ဖြစ်စဉ်
George Floyd (လူမည်း) သည် မင်နီယာပေါလစ် (Minneapolis) မှာ မသင်္ကာမူနဲ့ အဖမ်းခံရပြီး၊ အာဏာပိုင်ရဲတပ်ဖွဲ့ဝင် Derek Chauvin က လက်နက်မရှိတဲ့ Floyd ကို တစ်နာရီနီးပါး လည်ပင်းကို ဒူးနဲ့ဖိထားခဲ့သောကြောင့် သေဆုံးသွားခဲ့တယ်။
Floyd ရဲ့ “I can’t breathe” ဆိုတဲ့ စကားက လူမှုအသိုင်းအဝိုင်းအတွင်းမှာ ပျံ့နှံ့သွားပြီး ဒီဖြစ်စဉ်ဟာ လူမည်းဖြစ်နေလို့ လိုအပ်တာထက် ပိုမို ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်ခဲ့တယ်လို ယူဆခဲ့ကြတယ်။

George Floyd ဖြစ်စဉ်နောက်ပိုင်းမှာ —
- Fortune 500 ကုမ္ပဏီတွေအနေနဲ့ DEI ခေါင်းဆောင်ရာထူး (Chief Diversity Officer – CDO) တွေဖန်တီးခဲ့တယ်။
- အလုပ်ခန့်ထားမှုတွေအတွက် Black employees တွေ၊ underrepresented groups တွေကို ပိုမိုအလေးထားလာတယ်။
- နောက်ထပ် anti-bias training (ကွဲပြားမှုများတားဆီးရေး သင်တန်း) တွေကို ပိုမိုလုပ်လာတယ်။
DEI ကန့်သတ်မူ
Donald Trump အစိုးရ လက်ထက်မှာ DEI သည် အမေရိကန်တန်ဖိုးများနှင့် မကိုက်ညီဘူး လို့ သတ်မှတ်ပြီး DEI အစီအစဥ်တွေကို ကန့်သတ်တားဆီးခဲ့တယ်။
သူရဲ့ ပထမ အစိုးရသက်တမ်း (၂၀၁၇-၂၀၂၁) လက်ထက်မှာ DEI (Diversity, Equity, and Inclusion) ဆိုင်ရာ မူဝါဒတွေအပေါ် ထိန်းချုပ်မှု တွေဖြစ်ပေါ်ခဲ့တယ်။
၂၀၂၀ စက်တင်ဘာ — Executive Order 13950 ထုတ်ပြန်ပြီး Critical Race Theory (CRT)၊ White Privilege စတဲ့ ခေါင်းစဉ်တွေပါဝင်တဲ့ anti-bias training (ကွဲပြားမှုတားဆီးရေးသင်တန်း) တွေကို အစိုးရဌာနတွေ၊ ကုမ္ပဏီတွေမှာ တားမြစ်လိုက်တယ်။
Joe Biden တက်လာပြီးနောက် (၂၀၂၁) — Trump ရဲ့ Executive Order 13950 ကို ပယ်ဖျက်လိုက်ပြီး Biden Administration က DEI ကို ပြန်လည်အားကောင်းစေဖို့ ကြိုးပမ်းခဲ့တယ်။
Donald Trump ရဲ့ ဒုတိယသက်တမ်း (၂၀၂၅) မှာ DEI (Diversity, Equity, and Inclusion) အစီအစဉ်များကို ထိန်းချုပ်ရန် ဖို့ ထပ်မံကျိုးစားလာပါတယ်။
သမ္မတ Trump သည် အစိုးရဌာနများနှင့် ကုမ္ပဏီများအတွက် DEI အစီအစဉ်များကို ပိတ်ပင်ရန် အမိန့်များ ထုတ်ပြန်ခဲ့သည်။
လိင်နှစ်မျိုးသာ အသိအမှတ်ပြုဖို့ (male & female only) ကြေညာခဲ့တယ်။
သမ္မတ Trump ၏ အမိန့်များကြောင့် Pepsi, Disney, Google, Meta, Amazon, Boeing, Target, McDonald’s, Walmart, Harley-Davidson, Lowe’s စသည့် ကုမ္ပဏီကြီးများသည် DEI အစီအစဉ်များကို လျော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရသည်။
DEI ကန့်သတ်မူ အကျိုးဆက်
လူဖြူမဟုတ်တဲ့ သူတွေ၊ နိုင်ငံခြားသားတွေ၊ လိင်ပြောင်းလဲထားသူတွေ အခွင့်အရေးဆုံးရှုံးသွားနိုင်တယ်။
မတူညီတဲ့ လူမျိုးစု/လူအဖွဲ့အစည်းတွေ ပေါင်းစည်းမှု နည်းသွားပြီး၊ အချင်းချင်း ဆန့်ကျင်လာနိုင်တယ်။
အရည်အချင်းပေါ် မူတည်ပြီး ရာထူးပေးခြင်းမရှိတော့ဘဲ၊ “အရည်အချင်းမပြည့်စုံသူ”တွေ ရာထူးနေရာတွေ ရလာပြီး innovation (ဖန်တီးမှု) တွေလျော့နည်းလာနိုင်တယ်။
လူ့အဖွဲ့အစည်းတခုကိုသာ ဦးစားပေးသော နိုင်ငံရေး ကြီးထွားလာနိုင်တယ်။

Leave a Reply