ကိုညီညီ.. စက်ဘီးတွန်းလာသည်။
“ကိုညီ..ခင်ဗျားဗျာ…ကိုယ်လည်းစီးတာမဟုတ်ပဲ…ဒီစက်ဘီးကြီးတွန်းတွန်းလာတာ ပင်ပန်းပါတယ်ဗျာ.အခု ခင်ဗျားက စက်ဘီးကိုစီးတာမဟုတ်ပဲ..ခင်ဗျားကိုစက်ဘီးက စီးနေသလိုဖြစ်နေပြီ.ရှကီထုတာပဲ..လူချည်း ထွက်သောက်ပါလား”
သူ့ မျက်လုံးတွေက ရှိရင်းစွဲထက် ရီဝေသွားတယ်။ ပြီးတော့…တံတွေးကိုပျစ်ခနဲထွေးတယ်။ လှောင်ပြုံးပြုံးတယ်။“ငါ့ဘေးမှာ..သူပဲရှိတာလေကွာ..မင်းကလဲ..ငါနဲ့သူ..ဘယ်သူက ဘယ်သူကို စီးစီးပေါ့ဟ”
သူ့စကားကြောင့် ကျွန်တော်နည်းနည်းကြောင်သွားတယ်။
“ငါ့မိန်းမလည်း မရှိတာကြာပြီ။ ငါ့သမီးလေးလည်း ငါ့နားမရှိဘူးလေ။ ဒီစက်ဘီးပဲ ငါနဲ့ကျန်ခဲ့တာလေကွာ..သူက ငါ့အဖော်လေကွာ…သူ့ကို မစီးရလည်း.. တွန်းနေရတာနဲ့တင်..ငါ အဆင်ပြေပါတယ်ဟ”
ကျွန်တော်ဘာမှဆက်မပြောနိုင်တော့။ ကိုညီဟာ ဒယီးဒယိုင်နဲ့ စက်ဘီးလေးကို တွန်းပြီး..ထွက်သွားပါတော့တယ်။
https://www.facebook.com/share/JxiAByuUu4gjMQxw/?mibextid=oFDknk
ဆရာခက်ဇော်ရဲ့ ရသ ဝတ္ထုတိုတပုဒ်ပါ။
ရပ်ကွက်ထဲကအကြောင်းအရာတခုကို ရသတခုပေါ်အောင် ရိုးရှင်းစွာတင်ပြထားပါသည်။
ဘဝမှာ အောင်မြင်သွားတဲ့သူတွေ ရှိသလို၊ ကျရှုံးသွားတဲ့သူတွေ ရှိပါတယ်။
အောင်မြင်တဲ့သူတွေက ရွေးချယ်စရာအများကြီးနဲ့ နေ့ရက်တွေကိုဖြတ်သန်းနေသလို ၊ ကျရှုံးတဲ့သူတွေကတော့ ရွေးချယ်စရာမရှိတဲ့အခြေအနေနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတယ်။
အောင်မြင်တဲ့ အခြေအနေကို အားကျဂုဏ်ပြုတတ်သလို၊ ကျရှူံးတဲ့ အခြေအနေကိုလည်း စာနာတတ်ရမယ်။
ဘဝ ကိုပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေရတဲ့သူအချင်းချင်း . . .
Credit : ဆရာခက်ဇော်
Leave a Reply