မနက်စာ ဘူဖေး | Yangon Breakfast Buffet

Sika Lounge and Restaurant မှာ မနက်စာ အဝစား ဘူဖေး အကြောင်း Facebook မှာတွေ့လို့ သွားစားဖြစ်တယ်။
မနက်ခင်း ၈နာရီမှ နေ့လယ် ၁ နာရီအထိ ဘူဖေးစားနိုင်ပါတယ်။  နေ့လယ်စာ အလွတ်ပါ စားနိုင်တာပေါ့။
တခါစားလျှင် အချိန်၂ နာရီ ခွင့်ပြုထားတဲ့အတွက် ၁၆ လွှာပေါ်က ရန်ကုန်မြို့ရူခင်းတွေကို ကြည့်ရင်း အေးဆေးစားနိုင်ပါတယ်။

တယောက်ကို ၇၀၀၀ ကျပ်နှင့် အခွန်အခ၊ ဝန်ဆောင်ခ စုစုပေါင်း ၈၀၀၀ ကျပ် ကျသင့်ပါတယ်။

တဖွဲဖွဲထက်ရောက်လာတဲ့လူတွေကို ကြည့်ပြီး – ဘာကြောင့် မနက်စာ ဘူဖေးကို ၇၀၀၀ နှင့်‌ရောင်းနိုင်တာလည်းစဉ်းစားမိတယ်။

  • မုန့်ဟင်းခါး၊ ပဲကြော်  တပွဲက အပြင်မှာ ၁၅၀၀ ကျပ်
  • ကြာဇံကြော်၊ ကြက်ဥကြော်၊ ငါးသောက်စမ်း၊ ဆိတ်သားအားလူး တို့ကို အပြင်မှာစားမယ်ဆိုရင် အနည်းဆုံး ၃၀၀၀ ကျပ် – ၅၀၀၀ ကျပ်
  • ကော်ဖီ၊ လက်ဖက်ရည် က အပြင်မှာ ၁၅၀၀ ကျပ်

ဒီလောက်ပုံမှန်စားတာနဲ့တင် တယောက် ၈၀၀၀ကျပ် ဘူဖေးဟာ စားသူရော၊ ‌ရောင်းချသူပါ အဆင်ပြေတဲ့ စျေးနှုန်းတခုဖြစ်ပါတယ်။

လူများများလာစားမယ်ဆိုရင် ‌ဆိုင်အတွက် အရင်းမရှုံးနိုင်တဲ့ (အမြတ်လည်း ရနိုင်တဲ့) အလုပ်တခုပါ။

နောက်ထပ်ရနိုင်တဲ့ အကျိုးအမြတ်တခုကတော့ မိမိဆိုင်ကို လူတွေအများကြီးသိသွားတဲ့ branding အကျိုးအမြတ်ပါပဲ။

မနက်စာ စားရင်နဲ့ ဆိုင်ရဲ့ ရူခင်းကို သ‌ဘောကျသွားမယ်။
ဆိုင်ရဲ့ ဝန်ဆောင်မူကိုလည်း ယုံကြည်သွားမယ်။ (စျေးသင့်ပြီး၊ အရသာကောင်း၊ နေရာထိုင်ခင်းကောင်း)

နောင် ဧည့်သည်တွေကို ဧည့်ခံမယ်ဆိုရင် ဒီဆိုင်ကို အရင်ဆုံးရွေးချယ်မိလိမ့်မယ်။

စာသုံးသူနှင့် လုပ်ငန်းရှင် ၂ ဖက်စလုံး အကျိုးရှိတဲ့ Win-Win ချဉ်းကပ်မူမျိုးပါ။

စီးပွားရေးဆိုတာ တနပ်စားမကြည့်သင့်ပဲ အရှည်ကြည့်လုပ်ရတဲ့ လုပ်ငန်း ပါပဲ။

Mg Kyaw Avatar

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ