Expire Date ရှိတယ်

အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ – ရီမုဒ် ကားလေး ဝယ်နိုင်ပြီ။ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ။

ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်ရော၊ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။
wpadmin Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ