ကမ္ဘာကြီးကို ဘယ်သူတွေ ဦးဆောင်နေမှာလဲ-

2024 မှာ ကမ္ဘာကြီးကို ဘယ်သူတွေ ဦးဆောင်နေမှာလဲ-

ချမ်းသာတဲ့သူတွေကပဲ ဦးဆောင်နေတာပါပဲ။

ဒီတော့ ဘယ်နိုင်ငံတွေက စီးပွားရေး ဘယ်လောက်ကောင်းနေသလဲ။

ကိုးကား။ ။ Wikipedia

Largest Economies 2023

US နဲ့ China ကတော့ ထိပ်ဆုံးကနေ ဦးဆောင်နေဆဲပါပဲ။
ထူးထူးခြားခြား တွေ့မိတာ India သည် UK ကိုကျော်တက်သွားပြီး 2024 မှာ India စီးပွားရေး ဆက်လက်ကောင်းနေဦးနေမှာလို့ ယူဆမိပါတယ်။

မြန်မာ ဘယ်နေရာမှာရှိနေသလဲ ။

အဆင့် (၈၆)

Myanmar နောက်မှာ 2022 မှာ အကြွေးနဲ့ မွဲသွားတဲ့ Sri Lanka (သီရိလင်္ကာ)၊ သူနဲ့ကပ်နေတာက မြန်မာပြည်ကို ခဏခဏလာလည်တဲ့ Belarus။

မြန်မာတွေ စျေးဝယ်ထွက်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ Thailand နဲ့ Singapore အနားမှာ ဘယ်သူတွေရောက်နေပြီလဲ။

“ဘကုန်း” နဲ့ “ဖ ဦးထုပ်” ဆိုပြီး မြန်မာတွေပြောနေတဲ့ Bangladesh နဲ့ Philippines က Singapore စီးပွားရေးမှာ အနားကိုကပ်နေပြီ။

Bangladesh က မြန်မာ့စီးပွားရေးထက်ကို တည်ငြိမ်နေတယ်။

AI နဲ့ အလုပ်လုပ်နေတဲ့ ကမ္ဘာမှာ

.. နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ်မတက်နိုင်ပါ။
… ယတြာ အစွမ်းနဲ့ စီးပွားမတိုးနိုင်ပါ။
.. သယံဇာတ ရောင်းစားပြီးလည်း မချမ်းသာနိုင်ပါ။

ဉာဏ်ပညာအားကိုးနဲ့ ကျိုးစားမှ မွဲတဲ့ဘဝက လွတ်‌မြောက်နိုင်မှာပါ။

မြန်မာတွေ ကိုယ့်အခြေအနေအမှန်ကို လက်တွေ့ကျကျ ဆင်ခြင်နိုင်ပြီး 2024 မှာ စီးပွားတိုးနိုင်ပါစေ။

Mg Kyaw Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ