ပြည်သူ့စစ်မှုထမ်းဥပဒေ

အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု 10 February 2024 တွင် ကြေညာလိုက်သည်။

Announcement 10 February 2024

ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်သည်။

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများသည် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်သည်ဟုလည်း ထိုဥပဒေက ဆိုသည်။

Credit : MyanmarNow

ဘာကြောင့်လဲ ဆိုတာ အားလုံးသိပြီးသား။

ဘာဖြစ်လာမလဲ ဆိုတော့

အလုပ်နိုင်တဲ့ အရွယ်ကောင်း လူငယ်တွေ စစ်ထဲလိုက်ရမယ်။

အလုပ်လုပ်မည့်သူမရှိတော့ စီးပွားရေး ပိုဆုတ်ယုတ်မယ်။

စစ်ထဲမလိုက်ချင်ရင် ငွေပေးရမယ့် ဂွင်တခုပေါ် လာမယ်။

Mg Kyaw Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ