တူတူ၊တန်တန်

ရုပ်ရှင်တွေထဲမှာ “မင်းနဲ့ ငါ့သမီး နဲ့ တူလို့ လား၊တန်လို့လား” လို့ မေးခဲ့ရင် ကြည့်နေတဲ့သူတွေက နှာခေါင်းရှုံကြတယ်။

မင်းသားက “ပုခုံးနှစ်ဖက်အကြား ခေါင်းပေါက်တာချင်းအတူတူ မတူစရာ၊ မတန်စရာ ရှိလို့လား” လို့ ပြန်ပြောလိုက်ရင် ကြည့်နေတဲ့ ပရိသတ်တွေက သဘောကျတယ်။ ထောက်ခံကြတယ်။

တကယ်ရော အပြင်လတ်တွေ့ ဘဝမှာ အားလုံးသောသူတွေဟာ အတူတူပဲလား။

ထိုက်တန်မူ အလိုလိုဖြစ်ပြီးသွားပြီလား?

မတူ၊မတန်

မြန်မာစကားမှာ ရှေးလူကြီးတွေက သူတို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ပြောဆိုဆုံးမကြတယ်။

မတူရင်၊ မတန်ဘူး။

ကြားရတာတော့ ရင့်သီးတယ်၊ ဒါပေမယ့် ဘာကြောင့်လူကြီးတွေက ဒီလို ဆုံးမကြတာလဲ။

အ‌ခြေခံ အကြောင်းတရားတွေ မတူညီခဲ့လျှင် မထိုက်တန်ဘူးလို့ အဓိပ္ပါယ်ကောက်လို့ရတာပေါ့။
လက်ဝှေ့ပွဲတွေမှာ weight တန်းချင်းတူမှသာ ယှဉ်ပြိုင်ခွင့်ပေးတယ်။

ဘာကြောင့်လဲ –

တဖက်နှင့်တဖက် နစ်နာမူမရှိအောင်ပါပဲ။

weight တန်းချင်းမတူဘဲ ယှဉ်ပြိုင်ပြီး ဘယ်သူပဲ နိုင်သည်ဖြစ်‌‌စေ၊ မတူညီတဲ့ weight ကြောင့် ထိခိုက်မူ/အားသာမူတွေကြောင့် မလိုလားအပ်တဲ့ ဝေဖန်စရာဖြစ်လာနိုင်ပါတယ်။

တဦးနှင့်တဦး ချစ်ကျွမ်းဝင်တဲ့ ကိစ္စမှာရော

ဘာတွေတူဖို့ လိုသလဲ

စိတ်သဘောထားခြင်း၊ ဘာသာခြင်း၊ အတွေးအခေါ် ခြင်း၊ နေထိုင်မူစရိုက်ခြင်း။

မတူရင်၊ မထိုက်တန်ဘူးလား ?

ဖြတ်သန်းလာတဲ့ ဘဝတွေမှာ မတူညီတဲ့ ပတ်ဝန်းကျင်တွေ၊ လူ့အသိုင်းအဝိုင်းတွေရှိနေစမြဲပါ။

မတူညီတာတွေကို အခက်အခဲ၊ အနှောင့်အယှက်လို့ မယူဆနေသရွေ့ ၊ ပျော်ရွှင်နိုင်ပါတယ်။

မတူညီတာတွေကို အခက်အခဲမဟုတ်စေဖို့၊ အနှောင့်အယှက်မဖြစ်စေဖို့ သင်ဘယ်လောက်အထိ ထိန်းထားနိုင်မှာလဲ။

တူတူ၊တန်တန်

အခြေခံအကြောင်းတရားတွေတူခဲ့ရင် ထိုက်တန်ပြီလား။

ယေဘူယျအားဖြင့်တော့ ကန့်ကွက်စရာမရှိဘူးပေါ့

ပြီးပြည့်စုံတဲ့အရာတော့ အဖြေမဟုတ်ပေမယ့်၊ နာကျင်မူတွေ မဖြစ်လာအောင်၊ နစ်နာမူတွေ နည်းအောင် ရှေးလူကြီးတွေက ပြောကြတယ်။

တူတူ၊တန်တန် လုပ်ပါကွယ်။

Mg Kyaw Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ