လူ

ဆရာကြီးအောင်သင်းက ဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ –

“မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ”

သူတို့လဲဘယ်ညံ့မလဲ “ဒါတော့ဆရာရယ် လူကသာတာပေါ့” တဲ့

“နေရာတကာသာသလား”? ဆိုတော့ သူတို့ငိုင်သွားကြတယ်။

“ကောင်းပြီ လူကသာတယ်ဆိုရင် မင်းတို့ ဆင်နဲ့ ဘယ်ကောင်လွန်ဆွဲရဲသလဲ၊ ငါးနဲ့ ဘယ်ကောင်ရေကူးပြိုင်မလဲ၊ မြင်းတို့သမင်တို့နဲ့ ဘယ်ကောင်အပြေးပြိုင်ဝံ့လဲ” ဆိုတော့ ငြိမ်နေကြတယ်တဲ့။

“အေး လူမှာ တိရစ္ဆာန်ထက်သာတဲ့အချက်

(၃)မျိုးရှိတယ်

  1. အလှအပကိုဖန်တည်းတတ်ခြင်း ခံစားတတ်ခြင်း
  2. ကိုယ်ကျင့်တရားရှိခြင်း
  3. ကြောင်းကျိုးဥာဏ်ပညာကြီးခြင်း

(၁)

အလှအပကိုဖန်တီးတတ်တာလဲ… လူဘဲ။
အလှအပကိုခံစားတတ်တာလဲ………. လူဘဲ။
ရယ်တတ်တာလဲ …………….………. လူဘဲ။
ရယ်စရာကောင်းတာလဲ ……………………… လူဘဲ။

  • ဘယ်တိရစ္ဆာန်မှ မရယ်တတ်ဘူး။
  • တီကောင်တို့ ပက်ကျိတို့ မရယ်တတ်ဘူး။
  • ခွေး အမြီးနှံ့ခြင်နှံ့မယ် မရယ်တတ်ဘူး။

(၂) ကိုယ်ကျင့်တရားမှာလဲ လူမှာဘဲရှိတယ်

ကျားတစ်ကောင်က သမင်မကြီးကို

“ငါဒီသမင်မကြီးကိုသတ်စားလိုက်ရင် သူ့သားသမီးလေးတွေ မိတဆိုးဖြစ်ရှာရဲ့လို့ ဘယ်တော့မှမတွေးဘူးကွ” ။

(၃) ကြောင်းကျိုးဥာဏ်ပညာဆိုရာမှာ ဘယ်တိရစ္ဆာန်မှာမှမရှိဘူး လူမှာဘဲရှိတယ်၊

လူမှာ အဲ့သလိုကြောင်းကျိုးဥာဏ်ပညာရှိလို့ အားကြီးပါတယ်ဆိုတဲ့ဆင်ကို ထူးခတ်ပြီးတော့ ပေါက်ချွန်းနဲ့ပေါက်ပြီး သစ်ဆွဲ ခိုင်းတယ်။

ရေကူးတော်တဲ့ငါးကို မျှားပြီးတော့ ဖမ်းပြီးစားတယ်။

မြင်းကို ကြိုးတပ်ပြီးတော့ တက်စီးတယ်။

ပြောချင်တာ – လူမှန်ရင် ကြောင်းကျိုး ချင့်ချိန်နိုင်တဲ့ ဥာဏ်ပညာရှိရတယ်။

ဆရာအောင်သင်းရဲ့ ယနေ့လူငယ်နှင့်ယနေ့ရသစာပေအခွေမှ

Mg Kyaw Avatar

Leave a Reply

Your email address will not be published. Required fields are marked *

One Fine Day in Life

ဘဝ

သင်ဘာကိုရွေးချယ်ခဲ့သလဲ ဆိုတာ
… .. .. သင့် ရဲ့ ဘဝပါပဲ။

သင်ဘာကို ရွေးချယ်ခဲ့သလဲ
.. ရိုးရှင်းသော ဘဝ
.. ပြိုင်ဆိုင်မူပြင်းထန်သော ဘဝ
.. ရေသာခို ဘဝ