ဆရာကြီးအောင်သင်းက ဆရာဝန်လောင်းတွေကိုစာသင်ခန်းထဲမှာမေးတာ –
“မင်းတို့လူနဲ့တိရစ္ဆာန်ဘယ်သူကသာသလဲကွ”
သူတို့လဲဘယ်ညံ့မလဲ “ဒါတော့ဆရာရယ် လူကသာတာပေါ့” တဲ့
“နေရာတကာသာသလား”? ဆိုတော့ သူတို့ငိုင်သွားကြတယ်။
“ကောင်းပြီ လူကသာတယ်ဆိုရင် မင်းတို့ ဆင်နဲ့ ဘယ်ကောင်လွန်ဆွဲရဲသလဲ၊ ငါးနဲ့ ဘယ်ကောင်ရေကူးပြိုင်မလဲ၊ မြင်းတို့သမင်တို့နဲ့ ဘယ်ကောင်အပြေးပြိုင်ဝံ့လဲ” ဆိုတော့ ငြိမ်နေကြတယ်တဲ့။
“အေး လူမှာ တိရစ္ဆာန်ထက်သာတဲ့အချက်
(၃)မျိုးရှိတယ်
- အလှအပကိုဖန်တည်းတတ်ခြင်း ခံစားတတ်ခြင်း
- ကိုယ်ကျင့်တရားရှိခြင်း
- ကြောင်းကျိုးဥာဏ်ပညာကြီးခြင်း
(၁)
အလှအပကိုဖန်တီးတတ်တာလဲ… လူဘဲ။
အလှအပကိုခံစားတတ်တာလဲ………. လူဘဲ။
ရယ်တတ်တာလဲ …………….………. လူဘဲ။
ရယ်စရာကောင်းတာလဲ ……………………… လူဘဲ။
- ဘယ်တိရစ္ဆာန်မှ မရယ်တတ်ဘူး။
- တီကောင်တို့ ပက်ကျိတို့ မရယ်တတ်ဘူး။
- ခွေး အမြီးနှံ့ခြင်နှံ့မယ် မရယ်တတ်ဘူး။
(၂) ကိုယ်ကျင့်တရားမှာလဲ လူမှာဘဲရှိတယ်
ကျားတစ်ကောင်က သမင်မကြီးကို
“ငါဒီသမင်မကြီးကိုသတ်စားလိုက်ရင် သူ့သားသမီးလေးတွေ မိတဆိုးဖြစ်ရှာရဲ့လို့ ဘယ်တော့မှမတွေးဘူးကွ” ။
(၃) ကြောင်းကျိုးဥာဏ်ပညာဆိုရာမှာ ဘယ်တိရစ္ဆာန်မှာမှမရှိဘူး လူမှာဘဲရှိတယ်၊
လူမှာ အဲ့သလိုကြောင်းကျိုးဥာဏ်ပညာရှိလို့ အားကြီးပါတယ်ဆိုတဲ့ဆင်ကို ထူးခတ်ပြီးတော့ ပေါက်ချွန်းနဲ့ပေါက်ပြီး သစ်ဆွဲ ခိုင်းတယ်။
ရေကူးတော်တဲ့ငါးကို မျှားပြီးတော့ ဖမ်းပြီးစားတယ်။
မြင်းကို ကြိုးတပ်ပြီးတော့ တက်စီးတယ်။
ပြောချင်တာ – လူမှန်ရင် ကြောင်းကျိုး ချင့်ချိန်နိုင်တဲ့ ဥာဏ်ပညာရှိရတယ်။
ဆရာအောင်သင်းရဲ့ ယနေ့လူငယ်နှင့်ယနေ့ရသစာပေအခွေမှ
Leave a Reply